ကာလသားရောဂါဆိုသည်မှာ လိင်မှတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါ (STI) တွင် တစ်ခုအပါဝင်ဖြစ်သည်။
ကူးစက်နိုင်သော နည်းလမ်းများ ![]()
![]()
![]()
![]()
-ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံရာမှ အဓိကကူးစက်ခြင်း ![]()
![]()
![]()
-ရောဂါပိုးရှိသူ၏ ကာလသားရောဂါအနာ (လိင်အင်္ဂါ၊ မိန်းမကိုယ်၊ စအို၊ ပါးစပ်) နှင့် ထိတွေ့ခြင်း ![]()
![]()
![]()
![]()
-ရောဂါပိုးရှိသောသွေးသွင်းရာမှ ကူးစက်ခြင်း ![]()
-ရောဂါပိုးရှိသော ကိုယ်ဝန်ဆောင်မိခင်မှ ကလေးသို့ကူးစက်ခြင်း ![]()
![]()
ရောဂါလက္ခဏာများ
(၁)အစောပိုင်းရောဂါအဆင့် ![]()
-လိင်အင်္ဂါ (သို့) လိင်ဆက်ဆံတဲ့နေရာများမှာ မနာတတ်သော အနာပေါက်ပြီး (၃) ပတ်မှ လပိုင်းကြာပြီးနောက် အလိုအလျောက် ပျောက်ကင်းသက်သာသွားတတ်သည်။ ရောဂါအရှင်းပျောက်သွားခြင်း မဟုတ်ဘဲ ရောဂါလက္ခဏာ ငုပ်လျှိုးသွားခြင်းများ ဖြစ်တတ်သည်။
(၂)ဒုတိယရောဂါအဆင့် ![]()
-လက်ဖဝါး ခြေဖဝါးတို့တွင် ယားယံခြင်းမရှိသော အနီစက်များ ပေါ်တတ်ပြီး အကျိတ်ထွက်ခြင်း၊ ဖျားခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ အစားသောက်ပျက်ခြင်းများ ဖြစ်တတ်သည်။
(၃)တတိယရောဂါအဆင့် ![]()
![]()
![]()
![]()
-ဦးနှောက် နှင့် နှလုံးရောဂါဖြစ်လာပြီး အမြင်အာရုံ အကြားအာရုံ ထိခိုက်ခြင်း၊ လေဖြတ်ခြင်းမှ အသက်သေဆုံးသည်အထိဖြစ်နိုင်ပါသည်။
မကူးစက်ရန် ကာကွယ်နည်းများ ![]()
![]()
![]()
-လိင်အပျော်ပါးရှောင်ပါ၊ ကိုယ့်ကိုကိုယ် ကာကွယ်ရန် ကွန်ဒုံးသုံးပါ။ ![]()
![]()
![]()
-လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါ ဖြစ်ရင် စနစ်တကျ ကုသမှုခံယူပါ။ 👩⚕️⚕️-ကိုယ်ဝန်ဆောင်မိခင်အနေဖြင့် ကိုယ်ဝန်ရှိသည်နှင့် ရောဂါပိုးရှိမရှိ သွေးစစ်ကြည့်ရန်လိုအပ်ပါသည်။ မိခင်မှာ မကုသလျှင် ကလေးမှာ ကိုယ်အင်္ဂါချွတ်ယွင်းနိုင်ပါသည်။ ![]()
![]()
![]()
ကုသနိုင်သည့် နည်းလမ်းများ ![]()
![]()
![]()
-ကာလသားပိုးရှိမရှိ သွေးစစ်ကြည့်ပါ။
ပိုးသတ်ဆေးထိုး၍ ကုသလို့ရပါသည်။ မိမိ၏ လိင်ဆက်ဆံဖော်ကိုလည်း ကုသမှုခံယူရန် သွေးစစ်ပါ။ ကုသနေစဉ်အတွင်း လိင်အပျော်ပါးရှောင်ကြဉ်ရပါမည်။ ![]()
![]()
![]()
![]()
![]()
-မကုသပဲထားလျှင် လက္ခဏာများ ပျောက်သွားနိုင်သော်လည်း ရောဂါပိုးဆက်လက်ရှိနေနိုင်ပါသည်။ ![]()
![]()
စနစ်တကျ ဆေးပတ်လည်အောင် မကုသလျှင် ရှေရှည်တွင် ဦးနှောက်နှင့် နှလုံးရောဂါ ဖြစ်လာနိုင်ပါသည်။ ![]()
![]()
![]()
![]()
PUI မျိုးဆက်ပွါးကျန်းမာရေးအခမဲ့ဆေးခန်းများတွင် လိင်မှတစ်ဆင့် ကူးစက်နိုင်သော ရောဂါများ ဆွေးနွေးတိုင်ပင် စစ်ဆေးကုသနိုင်ပါသည်။


