အသိပညာပေး

ပဋိသန္ဓေတားဆေး အမျိုးအစားမည်မျှ ရှိပါသလဲ?

ပဋိသန္ဓေတားဆေး အမျိုးအစားမည်မျှ ရှိပါသလဲ?

အသိပညာပေး

အမျိုးအစား နှစ်မျိုးရှိပါတယ်။

  • estrogen နဲ့ progesterone ဟော်မုန်း ၂မျိုး ပါဝင်သော ပေါင်းစပ်သန္ဓေတားဆေး (COC) နဲ့
  • progesterone တမျိုးထဲ ပါဝင်သော သန္ဓေတားဆေး (POP) တို့ဖြစ်ပါတယ်။

ဈေးကွက်ထဲမှာ ပဋိသန္ဓေတားဆေး များစွာတွေ့နိုင်ပါတယ် (ပါဝင်တဲ့ ဟော်မုန်းပမာဏ နှင့် ဟော်မုန်းအမျိုးအစားပေါ်မူတည်ပြီး ကွဲပြားပါတယ်) ။ အီစထရိုဂျင်ကို မသောက်သင့်သည့် အကြောင်းရင်းရှိလျှင် ပရိုဂျက်စတိုဂျင် တစ်မျိုးတည်းပါသော သန္ဓေတားဆေးကိုလဲ ညွှန်းနိုင်ပါတယ်။

ဈေးကွက်ထဲမှာ တားဆေးကဒ်အမျိုးမျိုးရှိပြီး အများစုက ၂၈ လုံးပါ ဆေးကဒ်တွေဖြစ်ပါတယ်။ ၂၁ရက်ပါဆေးကဒ် ၊ ၃၅ လုံးပါဆေးကဒ် စတာတွေလဲ ရှိပါတယ်။

၂၈ လုံးပါ ဆေးကဒ်များ (တနေ့တလုံးဆေး)

ဆေးကဒ်တကဒ်မှာ ဆေး ၂၈လုံးပါဝင်ပြီး ဟော်မုန်းပါသော ဆေး၂၁လုံး (ပထမ ၃တန်း) နဲ့ ဟော်မုန်းမပါသော ဆေး ၇ လုံး (အောက်ဆုံး၁တန်း)ပါပါတယ်။ အပေါ် ၃တန်းနဲ့ အောက်၁တန်းက ဆေးလုံးအရောင်လဲ မတူတတ်ပါဘူး။ဆေးကဒ်ရဲ့ စသောက်ဖို့ အမှတ်အသားလုပ်ပေးထားတဲ့နေရာ ကနေ တနေ့တလုံး ၂၈ရက်ကြာ မှန်မှန် သောက်ရပါတယ်။ အောက်ဆုံး၁တန်း (ဟော်မုန်းမပါတဲ့ဆေး ၇ရက်စာ)သောက်တဲ့အချိန်မှာ ရာသီလိုသွေးဆင်းတတ်ပါတယ်။ဆေးကဒ်တကဒ်ကုန်တာနဲ့ နောက်ဆေးကဒ် အသစ်တကဒ်ကို သွေးဆင်းတာ ရပ်ပြီဖြစ်စေ ဆင်းနေသေးသည်ဖြစ်စေ ဆက်သောက်ရပါမယ်။ တနေ့တလုံးဆေးကို ဆေးကဒ်ထဲကအတိုင်း အစဉ်လိုက်သောက်ဖို့လိုအပ်ပြီး နေ့စဉ် အချိန် မှန်မှန်သောက်ဖို့လဲ လိုပါတယ်။မေ့လို့မရပါဘူး။

၂၁လုံးပါ ဆေးကဒ်များ

ဆေးကဒ်တကဒ်တွင်‌ ဟော်မုန်းပါသော ဆေး၂၁လုံး ပါဝင်ပြီး ဆေးလုံးတစ်လုံးစီတွင် ဟော်မုန်းပမာ တူညီစွာပါရှိပါတယ်။ ဆေးလုံးတစ်လုံးကို နေ့စဉ် ၂၁ ရက်ကြာဆေးကဒ်ကုန်သည်အထိသောက်ရပါတယ်။ နောက် ၇ ရက်ကိုတော့ဆေးသောက်စရာမလိုပါဘူး။ အဲ့ဒီလိုဆေးသောက်နားထားတဲ့ ၇ရက်မှာ ရာသီလို သွေးဆင်းတတ်ပါတယ်။ သွေးဆင်းတာ ရပ်ပြီဖြစ်စေ ဆင်းနေသေးသည်ဖြစ်စေ ၈ရက်မြောက်နေ့ ရောက်ရင်တော့ ဆေးကဒ်အသစ် စသောက်ရပါမယ်။ ဆေးကို နေ့စဉ်အချိန်မှန်မှန်သောက်ဖို့နဲ့ မမေ့မလျော့သောက်ဖို့ လိုအပ်ပါတယ်။

SRHR မှ အသိပညာပေး နှင့် အမေးအဖြေကဏ္ဍများ အမြဲသိရှိနေနိုင်ရန် အီးမေးလ်ကို မှတ်ပုံတင်ထားပါ

*
Input Invalid

PUI မျိုးဆက်ပွားကျန်းမာရေးစင်တာများမှ သားဆက်ခြားခြင်းနှင့် မိသားစုစီမံကိန်းရေးရာ ကိစ္စရပ်များ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သည့် ဝန်ဆောင်မှုများ ရယူနိုင်ပါတယ်။

Work Hours

(စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် ကျန်းမာ ရေး စင်တာများ ပိတ်သည်)

Copyright © 2025 PUI မျိုးဆက်ပွားကျန်းမာရေးစင်တာ | All rights reserved. Developed with by OrientWebs!