BMI သည် အလေးချိန်ပိုခြင်းနှင့် ဝလွန်ခြင်းကို သတ်မှတ်ရန် အသုံးဝင်သော အညွှန်းကိန်းတစ်ခုဖြစ်ပြီး သင့်အရပ်နှင့် ကိုယ်အလေးချိန်ကို အသုံးပြု၍ တွက်ချက်ပါသည်။
BMI သည် အလေးချိန်ပိုခြင်းနှင့် ဝလွန်ခြင်းကို သတ်မှတ်ရန် အသုံးဝင်သော အညွှန်းကိန်းတစ်ခုဖြစ်ပြီး သင့်အရပ်နှင့် ကိုယ်အလေးချိန်ကို အသုံးပြု၍ တွက်ချက်ပါသည်။
BMI တွက်ချက်သည့်ကိရိယာ (BMI Calculator) သို့မဟုတ် BMI ဇယားများကို အသုံးပြု၍ BMI ကို ခန့်မှန်းပါသည်။ BMI ရမှတ်အလိုက် အောက်ပါအတိုင်း သိရှိနိုင်သည်။
သင့်ကိုယ်အလေးချိန်နှင့် ပတ်သက်ပြီး ကျန်းမာရေး အန္တရာယ်များကို ထပ်မံသိရှိလိုပါ PUI ကို ဆက်သွယ်မေးမြန်းပါ
ကိုယ်အလေးချိန်ပိုခြင်း (သို့) အဝလွန်ခြင်းအပြင် အောက်ပါအခြေအနေများသည် နှလုံးရောဂါနှင့် အခြားရောဂါများဖြစ်ပွားနိုင်ခြေကို ပိုမိုတိုးစေပါသည် –
အန္တရာယ်အခြေအနေများ
BMI 30 နှင့်အထက်ရှိသော အဝလွန်သူများ၊ သို့မဟုတ် BMI 25 မှ 29.9 ရှိသော ကိုယ်အလေးချိန်ပိုသူများတွင် အန္တရာယ်အခြေအနေ ၂ ခု သို့မဟုတ် ၂ ခုထက်ပိုသော အခြေအနေများရှိပါက ကိုယ်အလေးချိန် လျှော့ချရန် အကြံပြုထားသည်။ လက်ရှိ ကိုယ်အလေးချိန်မှ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ လျှော့ချခြင်းက အဝလွန်ခြင်းနှင့်ပတ်သက်သော ရောဂါများ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါသည်။
သင့်တွင် အန္တရာယ်ရှိမရှိ၊ ကိုယ်အလေးချိန် လျှော့ချသင့်မသင့်ကို ဆရာဝန်နှင့် ဆွေးနွေးပါ။ ဆရာဝန်သည် သင့် BMI၊ ခါးအတိုင်းတိုင်းခြင်းနှင့် နှလုံးရောဂါ အန္တရာယ်အခြေအနေများကို စိစစ်ပါမည်။
သတင်းကောင်းမှာ လက်ရှိ ကိုယ်အလေးချိန်မှ (၅) ရာခိုင်နှုန်းမှ (၁၀) ရာခိုင်နှုန်း လျှော့ချခြင်းဖြင့်ပင် အန္တရာယ်ရှိသော ရောဂါများ ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်ပါသည်။

PUI မျိုးဆက်ပွားကျန်းမာရေးစင်တာများမှ သားဆက်ခြားခြင်းနှင့် မိသားစုစီမံကိန်းရေးရာ ကိစ္စရပ်များ ဆွေးနွေးတိုင်ပင်ပြီး လိုအပ်သည့် ဝန်ဆောင်မှုများ ရယူနိုင်ပါတယ်။
(စနေ၊ တနင်္ဂနွေ နှင့် အစိုးရရုံးပိတ်ရက်များတွင် ကျန်းမာ ရေး စင်တာများ ပိတ်သည်)
Copyright © 2025 PUI မျိုးဆက်ပွားကျန်းမာရေးစင်တာ | All rights reserved. Developed with by OrientWebs!